I've been away on a trip to Myanmar, and no posts lately. So here it is. Meet Yangon.
သစ်ပုပ်ပင်ကတော့ wide enough lens ပါမလာလို့ တပိုင်းပဲရလိုက်တယ်။ တကယ် ကြိုးကြိုးစားစားမရိုက်လိုက်တာလည်းပါတာပေါ့။ ဘွဲ့နှင်းသဘင်ပုံတော့တင်ပြီး သစ်ပုပ်ပင်မပါရင် မကောင်းလို့ မကောင်းတဲ့ပုံကိုပဲ တင်လိုက်တယ်။
နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်တဲ့စွယ်တော်ရွက်တဲ့ ။ တက္ကသိုလ်ကလူတွေက စိတ်ကူးယဉ်တတ်လိုက်ကြတာ။
သီချင်းတွေထဲမှာပဲရင်းနှီးခဲ့တဲ့ ဂျပ်ဆင်။ |
ပြည်လမ်းဘက်က မြင်ရတာ။ (တက္ကသိုလ်ရိပ်သာလမ်းဘက်ကမဟုတ်)
တက္ကသိုလ်ဝင်းထဲ လျှောက်ကြည့်ရင်း သူများတွေလို "အရင်ကျောင်းတုန်းကပေါ့ ဒီနေရာမှာ" အစချီပြီး ပြောစရာမရှိတော့ ကိုယ့်ကိုယ်ကိုတောင် ပြန်သနားသွားတယ်။
မှတ်မှတ်ရရအရွယ်မှာ မရောက်ခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ကို ဓာတ်ပုံရိုက်ဖို့ လိုက်ပို့ပေးတဲ့သူငယ်ချင်းကို ကျေးဇူးအထူးတင်ပါတယ်။
No comments:
Post a Comment